ကိုယ်အလေးချိန် ထိန်းသိမ်းသူများ မဖြစ်မနေ စားသင့်သော သစ်သီးလေးမျိုး
30-Oct-2016
ပန်းသီး
ပန်းသီးစားတဲ့အခါ အခွံမနွှာဘဲ စားပါလို့ ပညာရှင်တွေက အကြံပြုထား ပါတယ်။ ပန်းသီးအခွံမှာ အဆီကျစေတဲ့ Unolic အက်စစ် ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေကို အထောက်အကူဖြစ်စေပါတယ်။ Unolic အက်စစ်ကကြွက်သားတွေကို သန်မာစေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။
လိမ္မော်သီး
လေ့လာမှုအရ လိမ္မော်သီးမှာ အဆီကိုလောင်ကျွမ်းစေတဲ့ဓာတ်တွေ ပါဝင်ပြီး ကိုယ်အလေးချိန်ကျဆင်းစေဖို ့အထောက်အကူပေးတာကို တွေ့ရပါတယ်။
ဘလူးဘယ်ရီးသီး
လတ်တလောလေ့လာမှုအရ ဘလူးဘယ်ရီသီးက အဆီတွေကို လောင်ကျွမ်းစေတဲ့အပြင် အဆီတွေသိုလှောင်မှုကိုလည်း တားဆီးပေးပါတယ်။အထူးသဖြင့်ဝမ်းဗိုက်ကအဆီတွေကို လျှော့နည်းစေပါတယ်။
သစ်တော်သီး
သစ်တော်သီးမှာ အင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဖလေဗိုနွိုက်နဲ့ကက်တီချင်တွေ ပါဝင်တာကြောင့် အမျိုးသမီးတွေ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ စားသင့်ပါတယ်။
Ref:
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Good Health
Saturday, January 31, 2015
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

